Lompat ke blok konten utama

4/2023 စပိန်ကျားထိုက်လုံနီရာ(Catalonia) စိန့်ဂျော့ခ်ျနေ့ (Sant Jordi)

/001/Upload/486/relpic/61878/8956711/1bd8744f-de53-476a-a246-8045e5288442.jpgSanta Catalonia ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်အမြဲတမ်းစပိန်နိုင်ငံ၏အထူး ဒေသတစ်ခုဖြစ်သည်၊၎င်းသည်၎င်း၏ကိုယ်ပိုင်Catalianဘာသာစကားကိုထိန်းသိမ်းထားရုံမကသီးသန့်ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများစွာလည်းပါရှိသည်၊စိန့်ဂျော့ခ်ျနေ့သည်စပိန်နိုင်ငံCatalonia တွင်အလွန်အရေးကြီးသည့်ပွဲတော်တစ်ခုဖြစ်သည်၊နှစ်စဉ်4လ23ရက်နေ့မှာ ကြီးကျယ်ခမ်းနားသည့်ပွဲများကျင်းပပါသည်။


Catalonia ၏ဒဏ္ဍာရီတွင်Saint Georgeသည်သူရဲကောင်းတစ်ဦးဖြစ်သည်၊သူသည် Catalonia ရှိMontblanc မြို့ငယ်လေးသို့သွားကာမင်းသမီးလေးနှင့်တစ်ရွာလုံးကိုနဂါးလက် မှကယ်တင်ကာနဂါးသွေးနဲ့ပြုလုပ်ထားသောအနီရောင်နှင်းဆီပန်းတစ်ပွင့်ကိုခူးဆွတ်၍မင်းသမီးလေးကိုပေးလိုက်သည်၊မင်းသမီးလေးကအသိပညာနဲ့စွမ်းအားကိုကိုယ်စားပြုတဲ့စိန့် ဂျော့ခ်ျစာအုပ်ကိုပြန်ပို့ပေးလိုက်သည်၊ဒါကြောင့်နှင်းဆီနဲ့စာအုပ်တွေကဒီပွဲတော်မှာအလွန်အရေးကြီးသည့်သင်္ကေတတွေဖြစ်လာပါသည်။Saint Georgeနေ့သည်Montblancရှိချစ်သူ

များနေ့နှင့်တူပြီးဤကြည်နူးဖွယ်အလယ်ခေတ်ဇာတ်လမ်းသည် Catalonia ရှိချစ်သူများနေ့ ၏မူလအစဖြစ်လာခဲ့သည်။ထိုနေ့မှာယောကျာ်းလေးတွေကမိန်းကလေးတွေကိုနှင်းဆီတစ်ပွင့်ပေးပြီးကောင်မလေးတွေကယောကျာ်လေးတွေကိုစာအုပ်ပြန်ပေးကြသည်၊ Catalonia လမ်းတွေပေါ်မှာနှင်းဆီရောင်းတဲ့ဈေးသည်တွေနဲ့စာအုပ်ဆိုင်တွေနဲ့ပြည့်နေသည်၊လမ်းနဲ့အဆောက်အဦးတွေမှာနှင်းဆီပန်းအလှဆင်မှုများကိုနေရာတိုင်းတွင်တွေ့မြင်ရပြီးတစ်မြို့လုံးသည်ရင်ခုန်စရာအငွေ့အသက်များဖြင့်ပြည့်နှက်နေသည်။


စိန့်ဂျော့ခ်ျနေ့တွင်လှုပ်ရှားမှုများအပြင် Catalonia ရှိ Montblanc မြို့ငယ်လေးတွင်နဂါး ကိုသတ်ခဲ့သောစိန့်ဂျော့ခ်ျကိုဂုဏ်ပြုရန်အတွက်အလယ်လတ်ရက်သတ္တပတ်(Semana Medieval de Montblanc)ကိုလည်းတစ်ပတ်ကြာကျင်းပမည်ဖြစ်သည်။လူအများအပြား သည်လမ်းများတစ်လျှောက်ချီတက်ရန်ဘုရင်၊မိဖုရား၊စစ်သားများစသည့်အလယ်ခေတ်ဝတ်စုံများအဖြစ်ဝတ်ဆင်ကြပြီးရင်ပြင်များနှင့်မျှော်စင်များတွင်လည်းအလံများနှင့်သူရဲကောင်းအမှတ်အသားများဖြင့်ပြည့်နေသည်။